Labels

Thursday, October 17, 2013

Windows 7 activator For Windows 32/64 bit (1MB)



သူငယ်ချင်းတစ်ယောက်ကတောင်းဆိုထားတာ 3 ရက်လောက်ရှိပါပြီ။ ကျွန်တော်လည်းနေမကောင်းတော့
ခေါင်းကလည်းသိပ်မထူနိုင်ဘူးဗျ။ နည်းနည်းထနိုင်တာနဲ့ လိုင်းပေါ်ခဏတက်လိုက်ခေါင်းမူးတာနဲ့ပြန်အိပ်
လိုက် ။ သူကလည်းဂျီတော့ကနေစာချန်လိုက် ၊ မေးလ်နဲ့ပို့လိုက်လိုက်နဲ့ သူတောင်းဆိုထားတာက
ဝင်းဒိုး 7 ကိုတင်ပြီး Active မဖြစ်ဘူးလေ။ ဘယ်ဖြစ်မလဲရှင်းနေတာပဲ ကျွန်တော်တို့တွေသုံးတာက
Copy လေ ဒီတော့ ရက် 30 တော့ Free ရတာပေါ့ပြီးတော့ နေ့တိုင်း ဘယ်နှစ်ရက်ပဲလိုတော့တယ်ဆိုတာ
ဘောက်လေးတက်လာပြီးသတိပေးတယ်လေ။ ဖြစ်ချင်တော့ တောင်းဆိုတဲ့သူငယ်ချင်းကလည်း
ရက်က 11 ပဲလိုတော့တယ်တဲ့ ကူညီပါဦးဘယ်လိုလုပ်ရမလဲပေါ့။ ကူညီပါတယ်ဒါပေမယ့် ကျွန်တော်လည်း
ထမနိုင်ပါဘူး။ ဒီတော့ထနိုင်တာနဲ့လိုင်းပေါ်တက် Google အားကိုးနဲ့ လိုက်ရှာတာပေါ့ ။ အမှန်တော့ကျွန်တော့်မှာ သိမ်းထားတာရှိပါတယ်။ သူငယ်ချင်းတွေငှားပြီး လက်စဖျောက်လိုက်လို့
ကျွန်တော့် စတစ်တောင့်တွေဆုံးပေါင်းမနည်းပါဘူး။ ပျောက်တဲ့ထဲပါသွားတော့ အခုလိုပဲ Google
အားကိုးရတာပေါ့။ လိုက်ရှာလိုက်တာ Free တွေကသိပ်မတွေ့ရဘူးဗျ။ တွေ့ပြန်တော့လည်း လင့်သေနေတာတွေကများတယ်။ ဒီလိုနဲ့ရှာလိုက်ခေါင်းမူးလိုက်ပြန်အိပ်လိုက်နဲ့ ထင်ပါတယ်သူလည်း
8 ရက်ပဲကျန်တော့မယ်ဆိုတာ ဒီနေ့တော့မရ ရအောင်ရှာပြီးတင်ပေးလိုက်ပါတယ်။
ကျွန်တော်အကြံပေးချင်တာက အခုစာဖတ်နေတဲ့ သူငယ်ချင်းက ၀င်းဒိုး 7 ချစ်သူတစ်ယောက်ဆိုရင်
တစ်ကွေ့ကွေ့မှာ ဒီလိုအခက်အခဲမျိုးကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ဖိုင်ဆိုဒ်ကလည်း 1MB ပဲရှိတာမို့
ဒေါင်းပြီး စတစ်ထဲမှာဖြစ်ဖြစ် ၊ ကဒ်တစ်ခုခုထဲမှာဖြစ်ဖြစ်သိမ်းထားစေချင်ပါတယ်။

1)ဒေါင်းလော့စ်ဆွဲလို့ရတဲ့ဖိုင်လေးကို ဖွင့်လိုက်ရင်အထဲမှာ exe တွေ့ပါမယ်။
2)ဒါလေးကို ရမ်းလိုက်တာနဲ့ ဘောက်လေးတစ်ခုကျလာပါမယ်။
3)Install ဆိုတာလေးကိုနှိပ်လိုက်ပါ။
4)Restart ကျပါမယ်။ ပြီးလို့ ၀င်းဒိုးပြန်တက်လာရင်  My Computer ပေါ်ညာကလစ်ထောက်ပြီး
Properties ကိုနှိပ်ပြီးဝင်ကြည့်ပါ။ ပုံမှာပြထားတဲ့အတိုင်း လုံးဝကို Activated ဖြစ်သွားပါပြီ။

အလုံးပဲအဆင်ပြေကြပါစေ။

ဒေါင်းလော့စ်မလုပ်တတ်ရင် ဒီမှာနှိပ်ပြီး  ၀င်ဖတ်ပေးပါ။

 

0 comments:

Post a Comment