Labels

Wednesday, September 18, 2013

Notepad နှင့် Notepad++ မှာ မြန်မာလို ရေးလို့ ဖတ်လို့ရအောင် လုပ်နည်း



ကျွန်တော်တို့ ကွန်ပျူတာမှာ ကိုယ်မှတ်ထားချင်တဲ့ အကြောင်းအရာလေးတွေကို  NotePad နဲ့ အလွယ်တကူ ရေးမှတ်

ထားနိုင်ပါတယ်။ ဆော့ဝဲလ်တွေ Upload တင်ပေးတဲ့အခါတွေမှာလည်း ကိုယ်ပြောချင်တာလေးတွေကို NotePad ဖိုင်နဲ့

 ရေးထည့်ပေးတတ်ကြတယ်။ Web Page တွေ ရေးတဲ့အခါမှာလည်း ကုတ်တွေကို NotePad နဲ့ ရေးပြီး ဖန်တီးနိုင်တယ်။

 Flash Song တွေ လုပ်ကြတဲ့ သူငယ်ချင်းတွေဆိုရင် ကိုယ်ဖန်တီးမယ့် သီချင်းလေးရဲ့ စာသားတွေကို NotePad နဲ့အရင်

 ရေးထားပြီးမှ Swish Max ဆော့ဝဲလ်ထဲကို ကော်ပီကူးထည့်ရင် သီချင်း လုပ်တာ ပိုမြန်ပါတယ်။ အဲလိုရေးတဲ့အခါမှာ

 ပထမဦးဆုံး NotePad မှာ မြန်မာလို ရေးလို့ ရအောင် လုပ်ရပါတယ်။ နောက် အဲဒါကို သိမ်းပြီး ပြန်ဖွင့်ကြည့်တဲ့အခါ

မြန်မာလို ပေါ်အောင် လုပ်နည်းလည်း သိဖို့ လိုအပ်ပါတယ်။ ဒီအတိုင်း Save လုပ်လိုက်ရင်တော့ ?????????? တွေပဲ

ပေါ်နေမှာပါ။ ကဲ အခုတော့ အဲဒါတွေ အားလုံး အဆင်ပြေသွားအောင် ဘယ်လို လုပ်ရတယ်ဆိုတာ ပြောပြပေးပါမယ်။

 ပထမဦးဆုံး NotePad ကို Start >> All Programs >> Accessories >> NotePad ကို သွားပြီး ဖွင့်လိုက်ပါ။





[ 1 ] Format >> Font.. ကို နှိပ်ပါ။



[ 2 ] Font: မှာ Zawgyi-One ကို ရွေးပြီး OK နှိပ်ပါ။



ကိုယ်ရေးပြီးလို့ သိမ်းမယ်ဆိုရင်တော့ File >> Save As.. ကို နှိပ်ပါ။

[ 3 ] Save လုပ်တဲ့အခါမှာ Encoding မှာ Unicode ကို ရွေးသိမ်းပါ။



အဲဒါဆိုရင်တော့ Notepad မှာ မြန်မာလို ရေးနိုင် ဖတ်နိုင်ပါပြီဗျာ။ ခု နောက်ထပ် Notepad++ မှာ မြန်မာလို ပေါ်အောင်

လုပ်နည်းကို ထပ်ပြီး ပြောပြပေးပါမယ်။ Notepad++ ကိုတော့ Programer တွေပဲ အသုံးများကြပါတယ်။ အဲဒီဆော့ဝဲလ်

လိုချင်တယ်ဆိုရင်တော့ မူရင်းဆိုဒ် http://notepad-plus-plus.org/ မှာ သွားရောက် ဒေါင်းယူနိုင်ပါတယ်။ သုံးတတ်ရင်

အများကြီး အသုံးဝင်မှာပါ။ အသုံးဝင်တာတွေကို Programer တွေပဲ အသိဆုံးနေမှာပါ။ Google မှာ ရှာချင် ရှာကြည့်ပေါ့။

ကျွန်တော်ကတော့ Web Page တွေ ရေးတဲ့နေရာမှာပဲ သုံးပါတယ် :) ။ ကဲ ခု Notepad++ မှာ  မြန်မာလို ရေးလို့ရဖို့

လုပ်နည်းလေးကို ပြောပြပေးပါမယ်ဗျာ.. ပထမဦးဆုံး Notepad++ ကိုဖွင့်လိုက်ပါ။ ပြီးရင်တော့ အောက်ပါအတိုင်း

[ 1 ] Settings >> Style Configurator... ကို နှိပ်ပါ။



[ 2 ] Language မှာ Global Styles ကို ရွေးပါ။
[ 3 ] Font Styles မှာ Zawgyi-One ကို ရွေးပါ။
[ 4 ] Save and Close ကို နှိပ်လိုက်ပါတော့။
[ 5 ] ခုလို မြန်မာလို ရေးနိုင် ဖတ်နိုင်ပြီပေါ့ :P



အားလုံးပဲ အဆင်ပြေ ပျော်ရွှင်ကြပါစေဗျာ.. ကျွန်တော် လေ့လာလို့ သိရှိထားတဲ့ နည်းပညာလေးတွေ ၊ ဆော့ဝဲလ်တွေ

အားလုံးကို နောက်နေ့တွေမှာလည်း ထပ်ပြီး မျှဝေပေးသွားဦးမှာပါ။ လာလည်ပြီး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်နော်။

0 comments:

Post a Comment